ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာအုပ်စုတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့်လူနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာအုပ်စုတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့်လူနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့



MNP  -   ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ဇန်နဝါရီလ (၂၈)ရက်နေ့(၉)နာရီ အချိန်ခန့်က ဒရယ်ကျေးရွာအုပ်စု အကွက်အမှတ်(၃)၌ မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးခဲ့သည့် လူနေအိမ်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်က အဆိုပါနေရာသို့သွားရောက်ပြီး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးရာတွင် လူဦးရေ(၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုး ငွေ (၄၂၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝိ/) စုစုပေါင်း (၁၀၄၂၀ဝိ/-)ကျပ်တို့အား မြို့နယ်(ဘေး/စီမံ) ဝန်ထမ်းများက ဘေးသင့်ပြည်သူလက်ဝယ် အရောက်ထေက်ပံ့ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)