MNP - ဇန်နဝါရီ ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်း ခန်းမတွင် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟုန်းကီးက ကလေးလုပ်သားအဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ သတ်မှတ်ချက်များနှင့် ကလေးလုပ်သားနှင့် ပတ်သက် သောအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲကို နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့်လေးများဖြစ်သော ကလေးသူငယ်များကို အရွယ်မတိုင်မီ အလုပ်စေခိုင်းခြင်းများ ပပျောက်၍ ပညာသင်ကြားမှုနှင့် အသက်မွေးဝမ်း ကျောင်းပြုပညာရပ်များ တက်မြောက်စေပြီး စွမ်းဆောင်ရည်ပြည့်ဝသော လူကြီးများဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment