အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ပဲခူးတိုင်းကိုယ်စားပြု ငွေတံဆိပ်ဆုရရှိခဲ့သော Grade-9 ကျောင်းသူလေးအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ပဲခူးတိုင်းကိုယ်စားပြု ငွေတံဆိပ်ဆုရရှိခဲ့သော Grade-9 ကျောင်းသူလေးအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ







MNP  -  ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ Grade-9 ကျောင်းသူလေး မချစ်ခွန်းချိုသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွင် ပဲခူးတိုင်းကိုယ်စားပြု မီတာ ၁၀၀ ပြေးခုန်ပစ် အားကစားပြိုင်ပွဲ၌ ဒုတိယငွေတံဆိပ်ဆု ဆွပ်ခူးရရှိခဲ့သောကြောင့် ထပ်ဆင့်ဂုဏ်ပြုပွဲကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကျောင်းသား ကျောင်းသူလေးများအား Grade-9 ကျောင်းသူလေးကဲ့သို့ မိမိဝါသနာပါရာ အားကစားတွင် ထူချွန်ထက်မြက်ပြီး မြို့နယ်အတွက် ဂုဏ်ယူဖွယ် ကျောင်းသား ကျောင်းသူလေးများဖြစ်ပေါ်လာစေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် အ.ထ.က(ကြို့ပင်ကောက်) ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသူလေး မချစ်ခွန်းချိုအား သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူလေးများအား မချစ်ခွန်းချိုမှပြိုင်ပွဲတစ်လျောက် တွေ့ကြုံခဲ့ရသောအတွေ့အကြုံများကို ပြန်လည်ပြောကြားပြီး ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့သော တာဝန်ရှိသူများနှင့် အဖွဲ့အစည်း အသီးသီးအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)