ကိုဗစ်-၁၉ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ


MNP  -   ဇန်နဝါရီလ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြန့်ရတနာသီရိစျေး၌ ယနေ့ နံနက် (၈)နာရီခွဲအချိန်က စျေးသူ၊ စျေးသားများနှင့် စျေးဝယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး၊ ဦးသန်းဦးခေါင်းဆောင်သော အဖွဲ့ဝင်များနှင့် စျေးတာဝန်ခံတို့ ပါဝင်သောအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြတ်မွန်ခင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)