ညောင်ဦးမြို့ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်



MNP  -  ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် မီးသတ်ဦးစီးဌာနနှင့် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းစဉ်များအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/ မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများနှင့် အခြားမီးဘေးစိုးရိမ်ရသောလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက်စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းရပ်များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ ၃၀.၁.၂၀၂၃ ရက်နေ့ နံနက် ၉နာရီအချိန်က ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပုဂံမြို့သစ်စျေးကြီး၌ စျေးမီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးကျော်မင်းသူ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စျေးကြီးအတွင်းတပ်ဆင်ဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ် ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဗူးများ၊ Fire Ball များ၊ အပေါ့စားမီးသတ်စက်များနှင့် ရေသိုလှောင်ကန်များ အသင့်အနေထားရှိ/မရှိနှင့် စွမ်းအားပြည့်အသုံးပြုနိူင်စွမ်း ရှိ/မရှိ လှည့် လည်စစ်ဆေးခြင်း၊ ဆိုင်ခန်းများတွင် ကုန်ပစ္စည်းများသိုလှောင်ထားရှိမှု စနစ်တကျရှိ/မရှိ စစ်ဆေးအကြံပြုခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ ဝါယာကြိုးသွယ်တန်းမှုများ ကောင်းမွန် မှု ရှိ/မရှိနှင့် ယာယီမီးကြိုးများသွယ်တန်းမှု ရှိ/မရှိတို့အား မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်ဝန်ထမ်းများဖြင့်လည်းကောင်း လှည့်လည်စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများအားပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုနောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးထက်အောင် ဦးဆောင်သော ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ စျေးမိ/စျေးဖများ၊ စျေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ စျေးသူစျေးသားများနှင့်  ဖိတ်ကြားထားသော ဌာနဆိုင်ရာများအား မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ယာဉ်များဖြင့် အရေးပေါ်အခြေအနေတွင် မီးသတ်ယာဥ်များ နေရာယူမီးငြှိမ်းသတ်ရေးအတွက် လက်တွေ့နေရာယူရေပက်ဖျန်း ငြှိမ်းသတ်ရေးလုပ်ငန်းတို့အား စုပေါင်းဇာတ်တိုက်လေ့ကျင့်ဆောင် ရွက်ခဲ့ကြသည်။


ထို့နောက်တွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိူးဝေမှ မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းရပ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စျေးမီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ရာအခမ်းအနားသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးထက်အောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုဂံမြို့အုပ်ချုပ်ရေးမှူးဦးအောင်ခိုင်ညွန့်၊ ပုဂံနယ်မြေရဲစခန်းမှ စခန်းမှူး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပုဂံစျေးတာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်ရီရီမွန် ၊ စျေးခေါင်း ဦးအောင်ကျော်မြင့်၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များနှင့် စျေးသူစျေးသားများ စုစုပေါင်းအင်အား ၃၅ ဦးခန့် တက်ရောက်ကြည့်ရှု့အားပေးခဲ့​ပြီး အခမ်းအနားအား ၁၁ နာရီအချိန်ခန့်တွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)