ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်




MNP  -   ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါထောက်ပံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ 

ဦးမောင်စံဝင်းက နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ၂၀၂၂ ခုနှစ်၊(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများ အတွက် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၇၉၉ ဦးအတွက် တစ်ဦးလျှင်(၃၀၀၀ဝိ/)နှုန်းဖြင့် ငွေကျပ် (၂၃၉၇၀၀၀ဝိ)တိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။


       ဆက်လက်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ခံစားခွင့်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု(၈၈)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၉၉)ဦးအတွက် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)