ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်၊ ကျေင်းသား၊ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်၊ ကျေင်းသား၊ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ




MNP  -   ဇန်နဝါရီ ၁၇

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြု အခြေခံ ပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ် ဆေး(Myancopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ 

ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်  တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ပုံမှန်အခြေအနေရှိသူများကိုသာ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Myancopharm)အားထိုးနှံပေးခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူ(၁၄၃၃၂)ဦးရှိရာ ယမန်နေ့က အခြေခံပညာကျောင်း (၁၆)ကျောင်းတွင်  ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Myancopharm)ထိုးနှံသူ(၆၇၈)ဦးရှိပြီး၊ ယနေ့အထိ ထပ်ဆောင်း(Booster)ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပြီးစီးသူ(၇၂၂၃)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)