MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်း အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေးစာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းကစ၍ (Working Group) မြေပြင် ကွင်းဆင်း ကောက်ယူရေးများဖွဲ့စည်းကာ ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ထိုသို့ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူနေမှုတို့ကို မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်မြို့နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့်အဖွဲ့ဝင်တို့က e-ID အိမ်ထောင်စု စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ e-ID နိုင်(၄)မှတ်တမ်းများ ပြည့်စုံ မှန်ကန် စေရေးအတွက် အနီးကပ်လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment