MNP - ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့သို့ရောက်ရှိပြီး ကျောက်မီးသွေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးနှင့် ကာကွယ်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူး ဦးချစ်ဇော်လင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မိုင်းခုတ်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေး စီမံကိန်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ကျောက်မီးသွေးစီမံကိန်းလုပ်ငန်းဒါရိုက်တာ ဦးကျော်ကျော်နိုင်က ကျောက်မီးသွေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကျောက်မီးသွေးစီမံကိန်းလုပ်ငန်းမြေနေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment