အမ်းမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ






MNP  -   ဇန်နဝါရီ ၂၄

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီး ဌာန၊ အခြေခံပညာဦးစီး ဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင် ဆွေး နွေးသည့် အလေ့အ ထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့ မှောက်တွင် ပြောရဲ ဆိုရဲသည့်သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည် ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်၂နာရီ ၃၀ အချိန်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။


      အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးကို ကြီးကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း ခေါင်စဉ်ဖြင့်စကားလက် ဆောင်ပါးခြင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ဝေကအားကစား ကဏ္ဍနှင့်ပါတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုဆက် လက်ကျင်းပရာအ.ထ.က(၂) Grade-11မှ ကျေင်းသူ မကြည်ဖြူဦး၊အ.ထ.က(၁) Grade- 10မှကျောင်းသူ မခင်ပပလှိုင်၊ အ.ထ.က (၃) Grade-11မှ ကျေင်းသား မောင် မင်းခိုင်စိုး၊အ.ထ.က(၂) Grade-11မှ ကျေင်းသား မောင်ထူးမြတ်တို့က လူငယ်နှင့်မူး ယစ်ဆေးဝါး၊ လူငယ်နှင့်မူးယစ်အန္တရာယ်စသည့် ခေါင်းစဉ်များ

ဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။


ထို့နောက်ဆွေးနွေးမှုနှင့်ပတ်သက်၍သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား ကျောင်းသူများ ကမေးမြန်းရာတာဝန်ရှိသူများက ပြန် လည်ဖြေ ကြား ဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာ စောင်များကိုကျောင်း သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)