MNP - ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယနေ့ နေ့လည်ပိုင်းက ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)အမှတ်(၂)ပါ"ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်ကြမည်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက လူငယ်များအနေဖြင့် စာပေကို လေးစားမြတ်နိုး တန်ဖိုးထားတတ်လာစေရန်၊ အသိပညာ၊ စာပေဗဟုသုတများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးကောင်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မောင်ဥက္ကာမြင့်မြတ်၊ မောင်ခန့်ထက်ကျော်၊ မသင်းသုသုဟန်၊ မချမ်းမြေ့သူ၊ မဖူးဖူးချယ်ရီ၊ တို့က ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၂)ပါ အယ်ဒီတာ့အာဘော်မှ စာတည်းမှူး၏ "ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်ကြမည် " ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment