လှည်းကူးမြို့နယ်တွင်ကျောင်သား၊ကျောင်းသူ(၂၆၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင်ကျောင်သား၊ကျောင်းသူ(၂၆၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP   -   ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများကျန်းမာ ပျော်ရွှင်စွာဖြင့်ပညာသင်ယူနိုင်ရန်အတွက် ယမန်နေ့နံနက်(၉)နာရီကပိုက်ကြီး ဝဲအခြေခံ ပညာမူလ တန်းလွန်ကျောင်းတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။


အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့်ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေး ထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ် ဆေးများ ထိုးနှံပေးရာ  စနစ်တကျရှိစေရေးအတွက်ကိုဗစ်-၁၉ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှု ဖြင့်ကျောင်းသား/သူ(၂၆၀)ဦးအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသောကျောင်းသား/ သူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)