ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ခရမ်းသီးနှံစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ခရမ်းသီးနှံစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ



MNP   -    ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဥယျာဉ်ကျေးရွာတွင် ခရမ်းသီးနှံစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၅)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုးဆေးနဲ့ ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ နေ့စဉ်/ တစ်ရက်ခြား ရောင်းချ၍ရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေကျပ်(၇၀၀)မှ (၁၀၀၀)ကျပ်အထိ ရောင်းချရသဖြင့်  ခရမ်းစိုက်ပျိုးရောင်းချသည့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင်(၅၀၀) စိုက်ပျိုးထားသည့် ရန်ပုံနှစ်ကျေးရွာမှ ဦးတင်ထွန်းက ပြောပြသည်။


ခရမ်းစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ "အပင်သေပျောက်မှုမရှိစေရေး ခရမ်းမျိုးစေ့များအား ပျိုးထောင်ပြီး သန်မာသည့် မျိုးပင်များအား ရွေးချယ်စိုက်ပျိုးကြကြောင်း ပျိုးသက်(၁)လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကိုပြောင်းရွေ့စိုက်ပျိုးကြောင်း ခရမ်းအပင်ငယ်ချိန်တွင် သီးထပ်၊ သီးညှပ်အဖြစ် ချဉ်ပေါင်သီးနှံမျာ စိုက်ပျိုး၍ရကြောင်း" ခရမ်းစိုက်တောင်သူမှ ပြောပြ၍ သိရှိရသည်။


သက်မောင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)