တာကြန့်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာကြန့်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ





MNP  -   ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မူလတန်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တာကြန့်ကျောင်းသား/ကျောင်းသူများက “ပြည်မြန်မာ”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီး မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အဖွင့်အမှာစကားပြောကြားကာ မိုင်းယောင်းမြို့နယ်၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းခိုင်ဦးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိုင်းခမ်းမန်းက ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်းလင်းပြောကြားကာ တာကြန့်ကျောင်းအုပ် ဆရာမဒေါ်မေဇင်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ အားကစားဆုများနှင့် ကျောင်ဘက်စုံဖွံ့ဖြိုးရေအတွက် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်နှင့်တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇင်ရဲထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများက တက်ရောက်အားပေး ကြည့်ရှုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။


ကိုကိုနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)