MNP - ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မြို့နယ်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၇၄၁)ဦး ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်(၂၅)ကျောင်း၊ မူလတန်းကျောင်း(၁၃၀)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၆)ကျောင်းရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများကို ကျောင်းသား/ကျောင်းသူတိုင်းထိုးနှံနိုင်ရေး အခြေခံကျောင်း(၆၆)ကျောင်းတွင် ဆေးထိုးစုရပ်များအဖြစ်သတ်မှတ်ပြီး မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် နယ်မြေခံတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ/အုပ်ထိန်းသူများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment