MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့တွင် အစေ့ထုတ်ပြောင်းစိုက်တောင်သူများ ယခင်နှစ်ထက် ဈေးကောင်းပိုရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မုံးထမြို့တွင် နေထိုင်ကြသည့် ဒေသခံတစ်ချို့သည် မိသားစု တစ်ပိုင်တစ်နိုင် အစေ့ထုတ်ပြောင်းများ စိုက်ပျိုးကြပြီး ရာသီဥတုနှင့် မြေအနေအထားအရ မြေအမျိုးအစားနှင့် မြေဩဇာ အသုံးပြုမှုအပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန်(၉၀၀)မှ (၁၀၀၀)အထိရရှိပြီး ယခင်နှစ်က အစေ့ထုတ်ပြောင်း တစ်ပုံးလျှင် (၃၅၀၀)ကျပ်ခန့် ရရှိပြီး ယခုနှစ်တွင် အစေ့ထုတ်ပြောင်တစ်ပုံးလျှင်(၆၄၀၀)ကျပ်ခန့် ရရှိသဖြင့် စိုက်ပျိုးစရိတ်အပြင် အမြတ်များများ ရရှိသဖြင့် မိသားစုများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ရပ်ကွက်(၃) မှ တောင်သူ ဦးစောမသူထံမှ သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment