ရသေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တစ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၆၀) ဖွဲ့ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တစ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၆၀) ဖွဲ့ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိ




MNP  -   ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၆၀ ဖွဲ့ဖွဲ့ကာစာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။


ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်းစာရင်းကောက်ယူနေမှုအခြေအနေများကို ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် အဖွဲ့ဝင်များ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး၊တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။


ရသေ့တောင်မြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ၄ ရပ်ကွက် နှင့်  ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)