MNP - ဇန်နဝါရီ ၂၁
ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာလွင်က အဖွင့်အမှာစကားပြောကြားပြီး အင်္ဂလိပ် စွမ်းရည်နှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲ၊ မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ပညာရည်ချွန်ဆုများ၊ အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသူများ၊ စာပေထူးချွန်ဆုများနှင့် ကျောင်းဘက်စုံဖွံ့ဖြိုးရေး အတွက် ကူညီပံ့ပိုးပေးကြသော ကျောင်းသားမိဘများအား ဂုဏ်ပြုမှတ်တမ်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ကျောင်းသူများက မြန်မာ့ကျောင်း၊ ခင်ခင်ထား၊ ကဗျာလွတ်အက၊ ရွှေညာသူ ရွှေညာသား၊ နပန်းဆံ၊ သင်္ကြန်မိုး ပလွေမှုတ်၊ ထာဝရသစ္စာ၊ See Tinh ၊ ဇာတိမာန် သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်းသတင်းရရှိသည်။
ဦးဆန်းကြည်
https://t.me/MyanmarNationalPost


No comments:
Post a Comment