MNP - ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပင်လယ်ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး ပင်လယ်ရေအတက်(ဒီရေ)အကျဖြင့် မျှောပါလာသည့် အမှိုက်များအား ယနေ့နံနက် (၇)နာရီအချိန်က ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းကို ကျောက်ဖြူခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်ရှိဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူများနှင့် လူမှုရေးအသင်းအဖွဲ့များက ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ပင်လယ်ဒီရေ အတက်အကျဖြင့် မျောပါလာသည့် အမှိုက်များ၊ စွန့်ပစ်အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည့် အမှိုက်များအား အမှိုက်အိတ်များဖြင့် စနစ်တကျထုပ်ပိုး၍ သတ်မှတ်နေရာများသို့ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ မြို့အင်္ဂါနှင့် အညီသာယာလှပစေရေးအတွက် ပြည်သူအကျိုးပြုလုပ်ငန်းများအား အပတ်စဉ် စနေနေ့တိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment