MNP - ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန်အတွက် ဓနုဖြူမြို့နယ်သို့ ယမန်နေ့ မွန်းလွဲ ၁၂:၂၅မိနစ်အချိန်တွင်ရောက်ရှိလာခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဓနုဖြူမြို့နယ် အတွင်းရှိ ကျောင်းစုကျေးရွာ၊ ငါးဘက်အိုင်ကျေးရွာ၊ ဇီးဖြူကုန်း ကျေးရွာတို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဓနုဖြူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အပိုင်း(၁) ကွန်ကရစ် လမ်းသစ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်စစ်ဆေး ကြည့်ရှုခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံကာဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြချက်များအပေါ် လမ်းညွှန်မှာကြားပေးခဲ့ပြီး၊ ဓနုဖြူမြို့၊ မိဘဂုဏ်ရည် ဆန်စက်မှ ထင်း/မီးသွေးအစားထိုး စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် နန်းတော်ကုန်းကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံ(နေကြာ) စံပြစိုက်ခင်း ဖြစ်ထွန်း အောင်မြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment