မြန်မာပြည်က ပြည်ဖျက်မိစ္ဆာတွေအတွက် အကြမ်းဖက်အားပေး အမေရိကန်က တံခါးဖွင့်ထားပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာပြည်က ပြည်ဖျက်မိစ္ဆာတွေအတွက် အကြမ်းဖက်အားပေး အမေရိကန်က တံခါးဖွင့်ထားပြီ



အာဏာလက်မဲ့ ဖြစ်ပြီးနောက် အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သေကြောင်းကြံစည်ခဲ့တဲ့ NLD၊ ၈၈ က နိုင်ငံရေးလုပ်စားသူ အကြမ်းဖက်လှုံ့ဆော်သူများဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ သူတို့ အဆိုအရတော့ လွတ်မြောက်နယ်မြေ ဖြစ်ပါတယ်။ မှန်ပါတယ်။ သူတို့အတွက် ဘေးကင်းလုံခြုံရာဖြစ်တဲ့အတွက် လွတ်မြောက်နယ်မြေလို့ ဆိုနိုင်ပါတယ်။ လွတ်မြောက်နယ်မြေကို တိမ်းရှောင်ရောက်ရှိသွားကြတဲ့ NLD၊ ၈၈ က နိုင်ငံရေးလုပ်စားသူတွေအပါအဝင် ပြည်ဖျက်မီဒီယာများဟာ လွတ်မြောက်နယ်မြေမှာ ခိုလှုံပြီး မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေတဲ့ သူတို့ကို ထောက်ခံအားပေးသူတွေကို အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ကြဖို့ လှုံ့ဆော်ကြသလို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပါတယ်။

NLD၊ ၈၈ က ပုဂ္ဂိုလ်များကတော့ အရင်းမစိုက်ရဘဲ ပွဲညွန့်ခူးစားသူများပဲ ဖြစ်ပါတယ်။ အိုအိုင်စီ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက မြန်မာပြည်ကို ဖျက်ဆီးဖို့ ပေးကမ်းထောက်ပံ့ငွေတွေကို ရယူပြီး NLD၊ ၈၈ က ပုဂ္ဂိုလ်များက ပွဲညွန့်စားတယ်။ ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်သမားများအဖြစ် ဆင်ကန်းတောတိုးမိုက်မဲနေတဲ့ PDF တွေကို လူတစ်ယောက်သတ်ရင် ဘယ်လောက်၊ စာသင်ကျောင်းတစ်ကျောင်း ဖျက်ဆီးနိုင်ရင် ဘယ်လောက်၊ သံဃာတစ်ပါး သတ်နိုင်ရင် ဘယ်လောက် ငွေပေးပြီး ခိုင်းစေနေပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေ များများလုပ်ဆောင်နိုင်တဲ့ PDF အဖွဲ့ကို များများထောက်ပံ့ပေးပြီး အဖျက်အမှောင့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်အောင် ပုံဖော်ကြပါတယ်။ ဒါမှလည်း အိုအိုင်စီ နဲ့ အနောက် အုပ်စုရဲ့ ထပ်မံ ပံ့ပိုးမှုတွေ ရမှာ ဖြစ်ပါတယ်။


အကြမ်းဖက်လှုံ့ဆော်သူ အကြမ်းဖက်လှုပ်ရှားသူတွေရဲ့ သရုပ်မှန်ကို အကျယ်ချဲ့ပြီး ရေးမနေတော့ပါဘူး။ မနေ့က အမေရိကန်ရဲ့ လက်ကိုင်တုတ်မီဒီယာ VOA က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ သတင်းမှာ အမေရိကန်အနေနဲ့ နစက ကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံမှာ မဟုတ်ဘဲ NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အုပ်စုတွေကို နှစ်ဆတိုးပြီး ပံ့ပိုးသွားမယ်လို့ ပြောပါတယ်။ အမေရိကန်ရဲ့ လက်ကိုင်တုတ် VOA သတင်းဌာန၊ မြန်မာပြည်ကို သတင်းအဆိပ်ခတ်နေတဲ့ ပြည်ဖျက်မီဒီယာ မှာ ထပ်မံတွေ့ရှိရတဲ့ သတင်းတစ်ပုဒ်က "အမေရိကန်တွေ ဒုက္ခသည်တွေကို တာဝန်ယူခေါ်နိုင်" ဆိုတဲ့ ထူးခြားသတင်း တစ်ပုဒ်ဖြစ်ပါတယ်။


ဒီသတင်းကတော့ NLD၊ ၈၈ အစွန်းရောက် အကြမ်းဖက်အုပ်စုအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။ သူတို့ ရေးသား ဖော်ပြထားတာက "မြန်မာအပါအဝင် ကမ္ဘာတဝန်း နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောာင်စုမှာ အခြေချ နေထိုင်ခွင့်ရအောင် သာမန်အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က စပွန်ဆာလုပ် တာဝန်ယူခေါ်နိုင်တဲ့ အစီအစဉ်သစ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ကြေညာပါတယ်။ ပုံမှန်အားဖြင့် ဒုက္ခသည်တွေကို အစိုးရနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ ချိတ်ဆက်ပြီး အခြေချနေထိုင်လို့ရအောင် စီစဉ်ပေးလေ့ရှိပေမယ့် အခုအစီအစဉ်သစ်အရ သာမန်အမေရိကန်နိုင်ငံသား ၅ ယောက်နဲ့ အထက်စုပေါင်းပြီး ဒုက္ခသည်တွေကို ခေါ်ယူလို့ရမှာ ဖြစ်ပါတယ်။ အမေရိကန် အမိမြေလုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အမေရိကန် ဒုက္ခသည်လက်ခံရေး အစီအစဉ်ကနေ ဒုက္ခသည်အဖြစ် လက်ခံဖို့ အတည်ပြုထားတဲ့ ဘယ်နိုင်ငံက ဒုက္ခသည်ကိုမဆို အမေရိကန်နိုင်ငံသားတွေက တိုက်ရိုက် စပွန်ဆာပေး ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။ ခေါ်ယူတဲ့သူတွေအနေနဲ့ ဒုက္ခသည်တဦးအတွက် အနည်းဆုံး ဒေါ်လာ ၂,၂၇၅ အကုန်အကျ ခံမယ်ဆိုတာကို ကနဦးပြရမှာဖြစ်ပြီး ဒုက္ခသည်လိုအပ်မယ့် အဝတ်အည်၊ အိမ်ထောင်ပရိဘောဂ၊ အိမ်ငှား စရံငွေ စသဖြင့် စီစဉ်ပေးရမှာပါ။" လို့ ဖော်ပြထားတာ တွေ့ရပါတယ်။


မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့ အကြမ်းဖက်လှုံ့ဆော်သူများနဲ့ အကြမ်းဖက်သမားများအတွက် အန္တိမရည်မှန်းချက်တွေထဲမှာ ပြည်ဖျက်လုပ်ငန်းတွေ လုပ်ဆောင်ပြီးရင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို ဒုက္ခသည်အမည်ခံပြီး အရောက်သွားကြဖို့ပါပဲ။ ၈၈ ကတည်းက အမေရိကန်၊ အင်္ဂလန်၊ နော်ဝေ အစရှိတဲ့ အနောက်နိုင်ငံတွေမှာ ခိုလှုံပြီး ကြီးပွားချမ်းသာနေသူတွေလည်း ရှိပါတယ်။ 


အထက်ဖော်ပြပါ အမေရိကန်ရဲ့ အစီအစဉ်အရ မြန်မာနိုင်ငံထဲက NLD အစွန်းရောက် အကြမ်းဖက်သမားတွေကို တံခါးဖွင့်ပေးထားခြင်း ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားပြီဖြစ်တဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လှုံ့ဆော်သူများဖြစ်ကြတဲ့ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့အနေနဲ့ မိမိတို့ရဲ့ လှုံ့ဆော်မှုကြောင့် အစွန်းရောက် အကြမ်းဖက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို နည်းမျိုးစုံစွာနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ PDF အကြမ်းဖက်သမားလေးတွေကို ပစ်ထားဖို့ မကောင်းဘူး။ သူတို့လေးတွေ အနေနဲ့လည်း မင်းကိုနိုင်တို့လိုပဲ လွတ်မြောက်နယ်မြေမှာ ခိုလှုံချင်ကြမှာ အမှန်ပါပဲ။ ဂျော့ဆိုးရော့စ် ရဲ့ အကူအညီနဲ့ဆိုရင် မြန်မာပြည်အတွင်းမှာ ရှိနေတဲ့ အကြမ်းဖက်သမားလေးတွေကို ခင်ဗျားတို့ရှိရာ လွတ်မြောက်နယ်မြေကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ခင်ဗျားတို့တွေရဲ့ လှုံ့ဆော်မှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်ပြည်သူပေါင်း ထောင်ချီပြီး ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ခဲ့ကြပြီးဖြစ်တဲ့ PDF အကြမ်းဖက်သမားလေးတွေအတွက်လည်း အကျိုးဆောင်ပေးလိုက်ကြပါ။ သူတို့လေးတွေလည်း ခင်ဗျားတို့ကို အားကိုး ယုံကြည်တာ အမှန်ပါ။ ခင်ဗျားတို့လို လွတ်မြောက်နယ်မြေမှာ ခိုလှုံချင်တာ အမှန်ပါ။ 


NLD ၊ ၈၈ က နိုင်ငံရေးလုပ်စားသူများအနေနဲ့ ပြေးရင် ရှေ့ဆုံးက ပြေးတယ်။ အခြားသူတွေ ဘယ်လိုဖြစ်ဖြစ် ထည့်မတွက်ဘူး။ အခုလို အမေရိကန်က တံခါးဖွင့်ပေးချိန်မှာ မိမိတို့ မိသားစုဝင်တွေကို နည်းမျိုးစုံနဲ့ ရအောင်ခေါ်ကြမယ် မဟုတ်လား။ ကိုယ့်မိသားစုဝင် ကိုယ့်ဆွေမျိုးသားချင်း အတွက်ပဲ လုပ်ပေးပြီး PDF အကြမ်းဖက်သမားလေးတွေကို မျက်ကွယ်ပြုထားမယ်ဆိုရင်တော့ ခင်ဗျားတို့တတွေဟာ တော်လှန်ရေးသစ္စာဖောက်ကြီးတွေပဲ။


PDF အကြမ်းဖက်သမားလေးတွေမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ထောင်ချီ သတ်ခဲ့ကြပြီးဖြစ်လို့ ရာဇဝတ်ဘေး ပြေးမလွတ်တော့ဘူးဆိုတာ သိတဲ့အတွက် ဆင်ကန်းတောတိုး မိုက်တွင်းနက်နေကြရတာ ဖြစ်ပါတယ်။ သူတို့တွေလည်း လွတ်မြောက်နယ်မြေကို လာချင်ကြမှာပဲ ဖြစ်ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေ လွတ်မြောက်နယ်မြေကို ထွက်သွားရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအတွက်လည်း အန္တရာယ်ကင်းပါတယ်။


အမေရိကန် က ဒီအစီအစဉ်ကို အိမ်နီးချင်း ကနေဒါနိုင်ငံမှာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာကို နမူနာယူပြီး အခုလို လုပ်ဆောင်တာလို့ အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ် မြန်မာပြည်ကို သတင်းမှိုင်းတိုက်ပြီး သတင်းအဆိပ်ခပ်နေတဲ့ VOA မှာ ဖော်ပြထားပြီး “Welcome Corps” အစီအစဉ်လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။


NLD အစွန်းရောက် အကြမ်းဖက်သမားများ မင်းတို့အားကိုးယုံကြည်တဲ့ မင်းတို့ကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး အကြမ်းဖက်အားပေးလုပ်နေတဲ့ အမေရိကန် က မင်းတို့တွေ ထွက်ပြေးလာချင်တယ်ဆိုရင် ပြေးလာလို့ ရအောင် တံခါးဖွင့်ပေးထားပြီ။ မင်းတို့ ရှေ့က ပြေးနှင့်တဲ့ CRPH, NUG အကြမ်းဖက်ခေါင်းဆောင်ကြီးများကို တောင်းဆိုကြပါ။ 

မြန်မာနိုင်ငံအတွင်းမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို CRPH, NUG အတွက် သတ်ခဲ့ပြီးပါပြီ။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာခေါင်းဆောင်ကြီးများကဲ့သို့ လွတ်မြောက်နယ်မြေ အကြမ်းဖက်အားပေး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ရအောင် ကူညီပေးပါလို့ တောင်းဆိုကြပါ။


PDF အကြမ်းဖက်သမား လူရမ်းကားအပေါင်းတို့ -

မင်းတို့ရဲ့ အကြမ်းဖက်ခေါင်းဆောင်ကြီးများက သူတို့ကိုယ်တိုင်ကြတော့ လွတ်မြောက်နယ်မြေကို ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးပြီး မင်းတို့လေးတွေကိုတော့ လွတ်မြောက်နယ်မြေရောက်အောင် ကူညီမပေးဘူးဆိုရင် မင်းတို့ရဲ့ အကြမ်းဖက်ခေါင်းဆောင်ကြီးများဟာ မင်းတို့ကို အကြမ်းဖက်သမားများအဖြစ် အသုံးချဖို့ သက်သက်သာ ဖြစ်ကြောင်း နားလည်သဘောပေါက်ကြပေတော့။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)