ပုဏ္ဏားကျွန်း’မြို့၌ မြို့မဈေးကြီးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်း’မြို့၌ မြို့မဈေးကြီးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး




MNP  -  ဇန်နဝါရီ   ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၌  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေး၌ဈေးဆိုင်ခန်းများအားကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးကော်မတီဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့မစည်ပင်သာယာဈေးရှိ   ဈေးဆိုင်ခန်းများအတွင်း  မီးဘေးဆိုင်ရာကြိုတင်ပြင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ မီး သတ်ဆေးဗူးများ စနစ်တကျပြင်ဆင်ထားရှိမှု  ရှိ/မရှိစစ်ဆေးခြင်းနှင့်  မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား အကြံပြုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။


        ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  မြို့မစည်ပင်သာယာဈေးသန့်ရှင်းသာယာလှပရေးအတွက် ဈေးအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)