ပေါက်ခေါင်းမြို့၌ စိုက်ပျိုးမွေးမြူရေး အ‌ခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ စိုက်ပျိုးမွေးမြူရေး အ‌ခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေး




MNP     -    ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံပြည်သူများအား စိုက်ပျိုးမွေးမြူရေး အ‌ခြေခံစား‌သောက်ကုန်များဖြစ်သည့် သား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ မိုဘိုင်းမော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးရှေ့နှင့်မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံရောင်းချပေးလျက်ရှိသည်။


ထိုသို့‌ အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဒေသခံပြည်သူများအဆင်ပြေစေရန်အတွက် ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် အခြားဟင်းသီးဟင်းရွက်မျိုးစုံနှင့် ငှက်ပျောသီး၊‌ ပြောင်းဖူးများကို ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်မှတာဝန်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)