MNP - ဇန်နဝါရီ ၂၈
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးကြည်က လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေအသိဉာဏ်ပညာဗဟုသုတတွေပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့်အ.ထ.က(၂)သင်္ဃန်းကျွန်းမှ ဆရာမ ဒေါ်စောစောမြသွင်တို့က ညှိနှိုင်းရေးမှူး (Moderator)များအဖြစ် ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူတို့က လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၆)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်များကို ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား/ သူစုစုပေါင်း(၃၈၀)ဦး တက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment