MNP - ဇန်နဝါရီ ၁၀
ကျိုက်ထိုမြို့နယ်၌ (ဒုတိယ) အကြိမ် မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို သာသနာတော်နှစ်၂၅၆၆ ခုကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော် လပြည့်ကျော်(၅)ရက် ဇန်နဝါရီ (၁၀)ရက်နံနက်၉နာရီ တွင်ကျိုက်ထိုမြို့နယ်ဆုတောင်းပြည့်ရွှေဘုံသာဘုရားဝင်းသာသနာ့ဗိမာန်၌ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားအား နမော တဿ (သုံးကြိမ်)ရွတ်ဆိုဖွင့်လှစ်၍ကျိုက်ထိုမြို့ ဂူကျောင်းဆရာတော်ဘဒ္ဒန္တမဏ္ဍလမှမြတ်စွာဘုရားအားပင့်ဖိတ်လျှောက်ထားပြီး ဝါးကျောင်းဆရာတော် ဘဒ္ဒန္တသုမနသီရိမှငါးပါးသီလချီးမြှင့်ခဲ့သည်။
ယင်းနောက်စိန်ဘုံသာကြီးကျောင်းဆရာတော်ဘဒ္ဒန္တ ဦးဇောတိကမှ နတ်ဗြဟ္မာများအားပင့်ဖိတ်၍ဆရာတော်သံဃာတော်များ နှင့် ပဌာန်းဒါယကာများက ပဌာန်းပစ္စယု
ဒ္ဒေသ(၂၄)ပစ္စည်းအားသံပြိုင်ရွတ်ဖတ်ပူဇော်ပြီးအလှည့်ကျဘာဏကသံဃာတော်အရှင်သူမြတ်ဝါးကျောင်းဆရာတော် ဘဒ္ဒန္တသုမနသီရိမှ မဟာပဌာန်းမြတ်အားစတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
ဆက်လက်၍ဆရာတော်အရှင်သူမြတ်များအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး၊အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဇော် နှင့်အဖွဲ့ဝင်များကအလှူရှင်များနှင့်အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီးလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အသံ မစဲမဟာပဌာန်းမြတ်ရွတ်ပွားပူဇော်ပွဲကိုဆုတောင်းပြည့်ဘုရားဂေါပက အဖွဲ့မှကျင်းပပြုလုပ်ခြင်းဖြစ်ပြီး (၇)ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းဂေါပကအဖွဲ့ထံမှသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment