MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူပြည်သူများသို့ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက သ/မ ဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာများသို့ သွားရောက်ပြီး အခမဲ့ငှားရမ်းပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအတွက်သုတ/ ရသ၊ မဂ္ဂဇင်းနှင့်ဝတ္ထု စာအုပ်စာစောင်များကိုယူဆောင်လျှက် ငှားရမ်းပေးခဲ့ကြရာ သ/မဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကလည်း ကြိုက်နှစ်သက်ရာ သုတ/ရသမဂ္ဂဇင်း စာအုပ်စာစောင်များကို ဖတ်ရှုရန်အတွက်အားရဝမ်းသာငှားရမ်းခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို Mobile စနစ်ဖြင့်ငှားပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများသာမက ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ကြရန်အတွက် အိမ်တိုင်ရာရောက်စနစ်ဖြင့်လည်း အခမဲ့ငှားရမ်းပေးခြင်းနှင့် လူငယ်များအတွက် ကာယ၊ ဉာဏ၊ စာရိတ္တများဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ပြပွဲ ပြိုင်ပွဲများ ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment