MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ် အမှတ်(၁) အ ခြေခံပညာအထက် တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပညာရတနာခန်းမ ၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ကျောင်း သား ကျောင်းသူများက ဘက်စုံ ပညာကိုရည်တို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး အခြေခံ ပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးဥာဏ်မြင့်က ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊အထက(၁) ကျောင်း အုပ်ဆရာကြီးကကျောင်းလုပ်ငန်းများနှင့်ပတ်သက် ၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်း၏ သင်ကြားရေးထူးချွန်ဆုနှင့်ပညာရည်ချွန်ဆုရရှိသည့် ဆရာ/ဆရာမများ၊ ကျောင်းသာကျောင်းသူ များအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဆုများအသီး သီးချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment