MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ (Working Group)မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူ လျက်ရှိကြောင်း သိရ သည်။
ထိုသို့ အိမ်ထောင်စုစာရင်းများကောက်ယူရာတွင် Sever အတွင်းရှိအိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင် နံပါတ်နှင့်အချက်အလက်များ ပြည့်စုံမှန်ကန် ရေးဖြည့် သွင်းခြင်း ၊ နိုင်-၄ မှတ်တမ်းများပြည့်စုံမှန်ကန်ရေး စိစစ်ဖြည့်သွင်းခြင်း ၊ အခြားမြို့နယ်အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများနှင့် မည်သည့် အိမ်ထောင်စုစာရင်းမျှ မရှိသူရွှေ့ပြောင်း ၊ ပျံကျများအားအိမ်ထောင်စု(အလွတ်) ဖြင့်ကောက်ယူခြင်း ၊ မသန်စွမ်းသူ(၅)မျိုးစာရင်း အား စနစ်တကျကောက်ယူခြင်းများ ကိုဆောင်ရွက် လျက်ရှိသည်။
အဆိုပါစာရင်းများကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် အဆင်ပြေစေရန်အတွက် ခရိုင် (Working Group)မြေကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ၊ ခရိုင်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ၊ ခရိုင်လဝက ဦးစီးမှူး ဦးရည်သန့် ၊မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္က ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လဝက ဦးစီးမှူး ဦးအောင်ကျော်မိုး နှင့် ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးလျက်ရှိသည်။
တောင်ကုတ်မြို့နယ် တွင် ရပ်ကွက်(၁၄)ကွက် ၊ ကျေးရွာအုပ်စု(၅၂)စုတို့၌ ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ ပေါင်း(၈၇)ဖွင့် စာရင်းများဆက်လက်ကောက်ယူလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment