မာန်အောင်မြို့ အ-ထ-ကမာန်အောင်၌ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ အ-ထ-ကမာန်အောင်၌ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ကျင်းပ







MNP -  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံညာအထက်တန်းကျောင်း၌၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်၁၁နာရီခွဲက မာန်အောင် အ-ထ-က အောင်ဇေယျာခန်းမ၌ကျင်းပခဲ့သည်။


    ရှေ့ဦးစွာ အခမ်းအနားကိုအ-ထ-ကကျောင်းသား/သူများက ဘက်စုံပညာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး(ခေတ္တ)တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးယဥ်ထွေးနှင့်ကျောင်းအကျိုးတော်ဆောင်ဦးကျော်ဆွေ(ပညာရေးငြိမ်း)တို့ကအမှာစကားပြောကြားကြသည်။


       ထို့နောက်ပညာရည်ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ရာ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သူကျောင်းသား/သူများ၊ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိအောင်သင်ကြားပြသပေးသောဆရာ/ဆရာမများ၊ပညာရည်ထူးချွန်သူများ၊နိုင်ငံတော်၏ အသိအမှတ်နေ့ရက်များတွင် ဂုဏ်ပြုပြိုင်ပွဲများ အဖြစ်စာစီစာကုံးပြိုင်ပွဲ၊ပန်းချီပြိုင်များတွင်ဆုရရှိသူကျောင်းသား/သူများအား(ခေတ္တ)တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။


    ထို့နောက်ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြ ကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)