ကျိုက်ထိုမြို့နယ် အထက-၂ ၌၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် အထက-၂ ၌၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်








MNP -  ဇန်နဝါရီ  ၁၀

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်း၊စိန်ပန်းဆောင်(ကျောင်းခန်းမ)၌ ကျင်းပပြုလုပ် ခဲ့သည်။ 


         အဆိုပါအခမ်းအနားတွင်အထက(၂) ကျောင်းမှ ကျောင်းသား/သူ များကစုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး၊ ကျိုက်ထို ခရိုင် ပညာ‌ရေးမှူး ဦးခိုင်ထွန်း၊‌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၀င်း၊ကျောင်းအကျိုး‌‌တော်ဆောင်ဦးယုကြိုင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်းမှ အခမ်းအနားပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


      ဆက်လက်၍ ထူးချွန် ဆုရရှိကြသည့်ကျောင်းသား၊ကျောင်းသူများအား ကျိုက်ထို ခရိုင် ပညာ‌ရေးမှူး ဦးခိုင်ထွန်း၊‌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၀င်း၊ကျောင်းအကျိုး‌‌တော်ဆောင်ဦးယုကြိုင်နှင့်ဧည်သည်တော်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)