MNP - ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် စားသုံး သူရေးရာဦးစီးဌာန၊အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့နှင့် ပူးပေါင်း ၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ်အထက (ခွဲ) လိပ်ခုံး ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် လိပ်ခုံးကျေးရွာ အထက(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေး အေးမိ က အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံကလူငယ်နှင့်စာရိတ္တခေါင်းစဥ် ဖြင့်လည်းကောင်း၊မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးမှူးဒေါ်ဇင်ဖြူဝင်းကစားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန် ကိုလည်းကောင်း၊ဒုတိယ ဦးစီးမှူး ဦးညီလွင်အေးက ကုန်ပစ္စည်းအညွှန်းနှင့် ဆိုးဆေးများအန္တရာယ်အကြောင်း တို့ကိုလည်း ကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြ သော ကျောင်းသား၊ကျောင်းသူများအားမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပညာပေး
လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီးပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသ ထားသည့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး ၊မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေး များ၏အန္တရာယ်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ကွမ်းစား သုံးခြင်းနှင့်စည်းကမ်းမဲ့ကွမ်းတံထွေးထွေးမှုများ ကျဆင်းပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်များ ကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ ကြကြောင်းသိရ သည်။
ထူးနောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment