ကမမောင်းမြို့၌သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလူတိုင်းပါဝင် ဆောင်ရွက်ပေးနံရံကပ်နှင့်အိုမီခရွန်အကြောင်းသိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမမောင်းမြို့၌သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလူတိုင်းပါဝင် ဆောင်ရွက်ပေးနံရံကပ်နှင့်အိုမီခရွန်အကြောင်းသိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်ပြသ



MNP   -    ဇန်နဝါရီ ၁၉

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးနံရံကပ်နှင့် အိုမီခရွန်အကြောင်းသိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်းသိရသည်။


နံရံကပ်စာစောင်တွင် မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေးစသည့် ဘေး အန္တရာယ်များ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ဖြစ်ပေါ်လာလျှင် ပြုလုပ်သင့်သည့်အချက်များနှင့် ယခုအခါ ကိုဗစ်ကာလ ဖြစ်သောကြောင့် အပြင်ထွက်သည့်အခါတိုင်း mask တပ်ဆင်ရန်၊ အပြင်မှ ပြန်ရောက်လျှင် လက်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါတားမြစ်ချက်များနှင့်အညီ နေထိုင်ရန်ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် ရှောင်ရန်၊ဆောင်ရန် အချက်များနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးစသည့်အချက်များပါဝင်သော နံရံကပ် စာစောင်များကိုပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။


တင်တင်လှ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)