စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -   ဇန်နဝါရီ ၂၀

စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။


မဖြစ်မနေဆောင်ရွက်


ရှေးဦးစွာ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူကပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းကော်မတီနှင့် စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ၊ မြို့ပြနှင့်ကျေးလက်ဒေသများတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ်၍ ကဏ္ဍအလိုက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ စွန့်ပစ်ရေဆိုးများ၊ အခိုးအငွေ့များ၊ စွန့်ပစ်အမှိုက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအပေါ်ထိခိုက်မှုများမဖြစ်ပေါ်စေရန် ပတ်ဝန်းကျင်ဆိုင်ရာအစီအမံများဖြင့် စနစ်တကျတားဆီးကာကွယ်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း။


 ဌာနအဖွဲ့အစည်းများမှလည်း စွန့်ပစ်ပစ္စည်းဆိုင်ရာလမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ Standard Operation Procedure (SOP) များဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယနေ့ဖွံ့ဖြိုးလာသည့် စက်မှုလုပ်ငန်းများနှင့် လူဦးရေတိုးတက်လာမှုတို့ကြောင့် ထွက်ရှိလာမည့်စွန့်ပစ်ပစ္စည်းများမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုမဖြစ်ပေါ်စေရန်နှင့် တားဆီးနိုင်ရန်အတွက် ချမှတ်ဆုံးဖြတ်ထားသောလုပ်ငန်းစဉ်များကို စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများတွင် ဆက်စပ်ပတ်သက်သူများအားလုံး ထိရောက်စွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းကော်မတီ၏ ရှေ့လုပ်ငန်း စဉ်များကိုချမှတ်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းအပ်ကြောင်းပြောကြားသည်။


ဆက်လက်၍ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက လုပ်ငန်းကော်မတီဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြသည်။


ထို့နောက် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဌာနများ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့ဌာနအလိုက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။


အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ၊ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)