မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အစိုးရနည်းပညာ အထက်တန်း ကျောင်း (မော်လမြိုင်)သံကူကွန်ကရစ် သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အစိုးရနည်းပညာ အထက်တန်း ကျောင်း (မော်လမြိုင်)သံကူကွန်ကရစ် သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်





MNP  -   ဇန်နဝါရီ ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(မော်လမြိုင်) သံကူကွန်ကရစ် သုံးထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) သံကူ ကွန်ကရစ်သုံးထပ် ကျောင်းဆောင်သစ်အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့၀င် ဝန်ကြီးများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်၏ ကဗ္ဗည်းမော်ကွန်း‌ ကျောက်စာအား အမွှေး နံ့သာရည်များ ပက်ဖြန်းပေးခဲ့ ကြသည်။


ဆက်လက်ပြီး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမဆောင်၌ ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် ပညာရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ တိုးတက် မြင့်မားလာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးဟာ မိမိတို့နိုင်ငံအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍ တစ်ရပ် ဖြစ်နေတာကြောင့် နည်းပညာနှင့် သက်မွေးပညာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သား ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ကျောင်းသူ၊ကျောင်းသား များကို စာတွေ့၊ လက်တွေ့ ဘာသာရပ် များကို အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးအတွက် လိုအပ်တဲ့ ကျောင်းဆောင်သစ်များ တည်ဆောက်‌ ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းများကို အဖက်ဖက်မှ ဖြည်းဆည်း ဆောင်ရွက်ပေးလျက်ရှိသလို စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ပညာ ရပ်ပိုင်းဆိုင်ရာများကို လုပ်ငန်းနယ်ပယ်တွင် ထိရောက်မှန်ကန်စွာ အသုံးပြု ခြင်းဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကျိုးရှိစွာ သယ်ပိုး ထမ်းဆောင်နိုင်သူများဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်) သံကူ ကွန်ကရစ် သုံးထပ်စာသင်ဆောင်နှင့် ပတ်သက်သည့် အဆောက်အဦဆိုင်ရာ အချက်အလက်များအား တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြ ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အားကစားပစ္စည်းများအား ထောက်ပံ့ပေး အပ်ရာနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကာ နည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသား လေးများ၏ တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုအား ကကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။


အဆိုပါ သံကူကွန်ကရစ် သုံးထပ် ကျောင်းဆောင်သစ်ကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၆၃၃ ဒဿမ ၉၉၀ သန်းဖြင့် kinetic -art ကုမ္ပဏီက တာ၀န်ယူပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူ တစ်ဦးထံမှ သိရှိရသည်။


ခင်စန်းမြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)