MNP - ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒေါ်နန်းခင်မြတ်ဝါက စာရေးဆရာစာရတု မြန်မာပြန်ရေးသားသည့် “လူမှုဆက်ဆံရေးဆက်သွယ်မှုအတတ်ပညာ” စာအုပ်မှလူငယ်အမေး စာရေးဆရာအဖြေကဏ္ဍကို ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာပေဝါသနာရှင်လူငယ်များကလည်း အဆိုပါစာအုပ်မှ၎င်းတို့ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယခုကဲ့သို့စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ကလေးများ ဉာဏ်ရည်ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်း၊ အားကစားပြိုင်ပွဲများကိုလည်း အပတ်စဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment