မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


MNP   -   ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ မဟာဝိဇိတာရုံ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လည် (၁) နာရီက ကျင်းပခဲ့ရာ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၏ မဟာနာယကဆရာတော်ကြီးများ၊ ဆရာ/ဆရာမများ၊ အာဟာရဒါနအလှူရှင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အားလုံးတို့က နမောတဿ မဟာပဏာမ ဘုရားရှိခိုးသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိတ်သတ်များက မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၏ မဟာနာယက ဆရာတော် ဦးဉာဏုတ္တရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် မဟာနာယကဆရာတော် ဦးကေသရိန္နက ဓမ္မစကူးလ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဩဝါဒစကားချီးမြှင့်တော်မူသည်။


ယင်းနောက် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၏ နာယကဆရာတော်ကြီးများ၊ ဓမ္မစကူးလ် ဆရာ/ဆရာမများက သင်တန်းတွင် အထူးဆုရရှိသူများ၊ အတန်းတက်မှန်ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အာဟာရဒါနအလှူရှင်များအား ဆုများ၊ ဂုဏ်ပြုလက်မှတ်များနှင့် အခြေခံကွန်ပျူတာ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါ မဟာဝိဇိတာရုံဓမ္မစကူးလ်သင်တန်းကို (၂၀၁၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သတ္တမအကြိမ်မြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၆၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


ဟိန်းသူအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)