MNP - ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ စတော်ပဲ၊ ကုလားပဲနှင့် အခြားသီးနှံမျိုးစုံ (၂၁၈၁၂)ဧကကိုလျာထားပြီး အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယခုအခါတွင် သီးနှံမျိုးစုံ (၂၅၄၃၁)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံ သိရသည်။
“နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများ လူနေမှုဘ၀တိုးတက်မြင့်မားရေး၊ စိုက်ပျိုရေးဗဟုသုများရရှိပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်တို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ဒါအပြင် ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ခြင်း၊ ရာသီဥတုရေမြေနဲ့ကိုက်ညီတဲ့ အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာပံ့ပိုးပေးနိုင်ရေး၊ နည်းစနစ်များဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။
နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံပဲမျိုးစုံလျာထား (၂၃၃၁)လျာထား၍ (၃၈၁၃)ဧကစိုက်ပျိုးပြီးဖြစ်သည်၊ ဆီထွက်သီးနှံလျာထားဧကမှာ (၁၆၉၈၃)ဧကဖြစ်ပြီး (၁၂၈၄၀)ဧကစိုက်ပျိုးနိုင်ခဲ့၍ အခြားသီးနှံဧကများကိုလည်း (၂၄၉၈)လျာထားဆောင်ရွက်၍(၈၇၇၈)ဧကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment