မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ



MNP   -  ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အထက်တန်းပြ ဆရာဦးစံလူက မြတ်ဆရာ၏ ဂုဏ်ကျေးဇူးအကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသူ မဆွယ်ကျင်က “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မလွေးခင်သန်းဦးက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဘရန်နန်က “လူငယ်နှင့်အသိပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မရွှေစင် မိုးဦးက “လူငယ်နှင့်အောင်မြင်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသူ မငင်းခမ်း အောင်က “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးမှုအပေါ် သိရှိလိုသည်များကို တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများမှ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိ အကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ (၁၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)