MNP - ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာန နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် တို့က အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း ကိုကျင်းပရာ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ် ဦးဇော်မျိုးနိုင် က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အထက(၁)၊ Grade-10(A)မှ မောင်စိုးမြတ်လင်း ၊ မဖူးပွင့်ခိုင်(Grade-10(A)၊ အထက(၂) Grade-10 မှ မောင်ဇွဲထက်ကျော် ၊ မမေသင်းခိုင် (Grade-10)၊ အထက(၃) Grade-10 မှ မောင်အောင်ပိုင်ပိုင်ဖြိုး ၊ Grade-11 မှ မညိုညိုစံ ၊ အထက(၄) Grade-10(A) မှ မယုပပအောင် နှင့် Grade-9(B) မှ မောင်သက်ဘုန်းအောင် တို့က လူ့အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပြန်လည်မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသူ ဦးဇော်မျိုးနိုင်နှင့်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင် ရာများ ၊ ဆရာ ၊ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment