ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿ ၂၀၀၀ ကျပ်ရောင်းချနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿ ၂၀၀၀ ကျပ်ရောင်းချနေရ




MNP  -   ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် (တမံ)ပတ်ဝန်းကျင်ကျေးရွာများသည် ခရမ်းချဉ်အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများ ဖြစ်ကာ ခရမ်းချဉ်စိုက်တောင်သူများ ခရမ်းချဉ်ပေါ်ချိန် တစ်ပိဿ ၂၀၀၀ ကျပ်ရောင်းချနေရခြင်း ကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများတွက် ခြေကိုက်နေကြကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ် စိုက်တောင်သူ ဦးနေမျိုးထွန်းထံက သိရသည်။


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆည် အထက်ဘက် လဲဂွကျေးရွာ ၊လက်ပံ့အိုင့်ရွာ၊ ဆပ်ပြာကျင်းရွာ ၊ဆည်အရှေ့ဘက်ကျေးရွာများဖြစ် သည့် ညောင်ဖြူပင်ရွာ၊မုန့်ကုန်းရွာ ၊ညောင်ချိုင်းရွာ ၊အမှတ်-၃ရွာများနှင့်ကြက်မောက်တောင်ဆည် အောက်ဘက်ကျေးရွာများဖြစ်သည့် ကိုင်းရွာ ၊ညောင်ပင်သာ ၊စည်ပင်သာကျေးရွာ၊ မကျီးတိုင်းရွာ၊ အိုးအိုင်ကျေးရွာများသည် ရာသီပေါ်သီးနှံမျိုးစုံစိုက်ပျိုးလို့ရသည့်ကျေးရွာများဖြစ်ကာ မြေအောက်ရေ တူးဖော်ပြီး သီးနှံခင်းများအားရေသွင်းစိုက်ပျိုးသည့်ကျေးရွာများဖြစ်ကြကြောင်း၊ ကြက်သွန်စိုက်ပျိုး ချိန်ဖြစ်သည့် ယခုအချိန်တွင် ခရမ်းချဉ်စိုက်ပျိုးခြင်းဖြင့် မိသားစုတဘက်တလမ်းဝင်ငွေကာမိစေရန် ခရမ်းချဉ်အား စိုက်ပျိုးကြကြောင်း ဦးစိန်မင်းကရှင်းပြသည်။ ခရမ်းချဉ်စိုက်ပျိုးကြရာတွင်လည်း တိုင် ထောင်ခရမ်းချဉ်မျိုးဖြစ်သည့် တစ်သုံးလုံးတံဆိပ်အား အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ခရမ်းချဉ်သီးများအား ကျောက်ပန်းတောင်းမြို့ ၊မြို့မဈေးရှိပွဲရုံများသို့ တင်ပို့ရောင်းချခြင်း၊ ကျောက်ပန်းတောင်းမြို့ ခရမ်းချဉ်ပွဲစားများမှတစ်ဆင့် ပခုက္ကူ၊ ရေနံချောင်း ၊မကွေးသို့ တင်ပို့ရောင်းချခြင်းများဖြင့် နှစ်စဉ်နှစ်တိုင်း ခရမ်းချဉ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်အစဉ်ပြေလာနေရာ ယခုနှစ်ခရမ်းချဉ်ပေါ်ချိန် ဈေးနှုန်းမနှစ်ကအတိုင်း ၂၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် ခရမ်းချဉ် စိုက်တောင်သူများ တွက်ခြေကိုက်နေကြောင်း လဲဂွကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဒေါ်စိုးစိုးမှပြောကြားကာ မနှစ်က ခုလိုခရမ်းချဉ်သီးပေါ်ချိန် တစ်ပိသာ ၂၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် တောင်သူများ တွက်ခြေကိုက်ကြကြောင်း ၊ယခုနှစ်တွင်လည်း တစ်ပိသာ ၂၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် ပျိုး(မျိုး) ထောင်စရိတ်၊ မြေဆီစရိတ်၊ ထွန်ရှဉ်းခ၊ လုပ်အားခ၊ ရေသွင်းရာတွင် ဒီဇယ်၊ ဓာတ်ဆီဖိုးများဖြင့် ကုန်ကျစရိတ် နုတ်ပြီးသည်ထိ အမြတ်အစွန်းများပြားခဲသည့် နှစ်ဖြစ်ကြောင်း ဆပ်ပြာကျင်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးဇော်ချင်းက ပြောကြားသည်။


ခရမ်းချဉ်စိုက်ပျိုးရာတွင် စိုက်ပျိုးသည့် တောင်သူများလျှင် ခရမ်းချဉ်သီးပေါ်ချိန်တစ်ချိန်တည်း ဖြစ်နေလျှင် ဈေးနှုန်းကျဆင်းကြောင်း၊ ခရမ်းချဉ်သီးပေါ်ချိန် တနှစ်သုံးချိန်ရှိလျှင် တစ်ချိန်သာ ဈေးနှုန်းကောင်းရရှိတတ်ကြောင်း ၊ခရမ်းချဉ်စိုက်ပျိုးရာတွင် အတော်ယုယပြုစုပြီးမျိုးစေ့ထုပ်ဝယ်ပြီး တစ်စေ့ခြင်းပျိုးအိတ်ထဲထည့်ပျိုးထောင်ရကာဆယ့်ငါးရက်သားရှိလျှင်ယာခင်းထဲပြောင်းရွေ့စိုက်ပျိုး ရာ ၊လေးဆယ့်ငါးရက်ကြာလျှင် ခွ(ဂွ)ပွင့်လိုက်ကာ အသီးစတင်သီးပြီး ရက်ပေါင်းငါးဆယ်ရှိလျှင် အပွင့်ရော ၊အသီးပါလှိုင်လှိုင်ပွင့် လှိုင်လှိုင်သီးကြောင်း ၊တိုင်ထောင်ခရမ်းချဉ်ဖြစ်သည့်အတွက် ကြိုးတန်းပြုလုပ်ကာ လေးပေခြားတိုင်စိုက်ပြီး ခရမ်းချဉ်ပင်အား ထိန်းသိမ်းရကြောင်း သိရကာ ခရမ်းချဉ် စိုက်တောင်သူများ တစ်ပိဿ ၂၀၀၀ ကျပ် ရောင်းချရခြင်းက တောင်သူများမျှော်လင့်နေသည့်ဈေး နှုန်းဖြစ်ကြောင်းလည်း သိရသည်။


ကိုကြေးမုံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)