MNP - ဇန်နဝါရီ၂၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးဌာနဆိုင်ရာဝန်ထမ်းများအပတ်စဥ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ရန်အောင်မြင်စေတီတော် ဝင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကောင်းမှုကုသိုလ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မာန်အောင်မြို့ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း/အပြင်ရှိ ချုံနွယ် ပိတ်ပေါင်း၊မြက်ပင်များ၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကာ ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment