ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး


MNP   -   ဇန်နဝါရီ ၂၉   

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်းစက်ရုံ၌ ပြုပြင်တည်ဆောက်လျက် ရှိသည့် ဆေးဝါးစက်ရုံ၏ သမိုင်းပြတိုက်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။


ကြိုးစားဆောင်ရွက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအလုပ်ရုံရှိ ရေနွေးငွေ့သုံး တာဘိုင်၊ ဂျင်နရေတာများကို ရုရှားကျွမ်းကျင်ပညာရှင်များ စစ်ဆေးနေမှု၊ စစ်ဆေးတွေ့ရှိချက် တို့ကိုလည်းကောင်း၊ တပ်ဆင်ပြီးစီးနေသည့် အခြားစက်ပစ္စည်းများ၏ အခြေအနေကိုလည်းကောင်း စစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအလုပ်ရုံ၏ စက်ပစ္စည်းကိရိယာများ အမြန်ဆုံးတပ်ဆင်စမ်းသပ်လည်ပတ်မှုပြီးစီးမှသာ သံစိမ်းထုတ်လုပ် မည့်လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ လုပ်ငန်းများကို လျင်လျင်မြန်မြန်ဆောင် ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် တပ်ဆင်မှုလုပ်ငန်းများတွင် ပါဝင်၍နည်းပညာများ လွှဲပြောင်းရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာ ကြားသည်။


လေ့လာထားရမည်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ ပြီး စက်ရုံ၌ အလုပ်ရုံ ၂၂ ရုံရှိသည့်အနက် အလုပ်ရုံ ၁၉ ရုံအား No Load Test ဖြင့် ဇန်နဝါရီ ၂၁ ရက်တွင် အောင်မြင်စွာ စမ်းသပ် လည်ပတ်ပြီးစီးခဲ့ပါကြောင်း၊ အဓိ က အလုပ်ရုံ သုံးရုံဖြစ်သည့် Romelt Shop, Heat Recovery Power Station နှင့် Air Separ-ation Unit တို့ အဆင်ပြေချောမွေ့ စွာလည်ပတ်နိုင်ရေးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အလုပ်ရုံတစ်ရုံချင်း အလိုက် အဆင့်အလိုက် ဆောင်ရွက်မည့် နည်းစဉ်များကို ကျေညက်အောင် လေ့လာထားရမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များ ထံမှလည်း နည်းပညာများရရှိ အောင် လေ့လာသင်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်သည့် လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သော သံစိမ်းကုန်ကြမ်းများကို ရရှိအောင်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအလုပ်ရုံရှိ စက်ပစ္စည်းများကို စစ်ဆေးလျက်ရှိသည့် ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံ၍ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက် ) ပြန်လည်လည်ပတ်ရေး ဆောင်ရွက်မှုများ၌ ဆောင်ရွက်ဆဲအလုပ်ရုံ သုံးရုံအနက်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအလုပ်ရုံရှိ စက်ပစ္စည်းများ တပ်ဆင်စမ်းသပ်ရန်အတွက် အမြန်ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ပေး၍ ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီးရုရှားနိုင်ငံမှ ပညာရှင်များကို သစ်သီးခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ပို့လွှတ်ထည့်သွင်းသွားမည်


အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)တွင် စွန့်ပစ်အပူသုံး၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင် ရန်အတွက် ရေနွေးငွေ့တာဘိုင်၊ ဂျင်နရေတာ နှစ်လုံးတပ်ဆင်ရန် ဆောင်ရွက်နေစဉ် စီမံကိန်း လုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရသဖြင့် လုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိနေခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေ၍ တာဘိုင်ဂျင်နရေတာ နှစ်လုံးအား အထိုင်ချတပ်ဆင်ခြင်းမပြုမီ ရုရှားပညာရှင်များမှ လာရောက်စစ်ဆေးနေခြင်း ဖြစ်သည်။ ရေနွေးငွေ့သုံးတာဘိုင်၊ ဂျင်နရေတာ နှစ်လုံးမှ စုစုပေါင်း ၄၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ရာ စက်ရုံမှ ၃၂ မဂ္ဂါဝပ်ပြန်လည် အသုံးပြုပြီးပိုလျှံသည့် ရှစ်မဂ္ဂါဝပ်ကို နိုင်ငံတော် လျှပ်စစ်ဓာတ်အား ပေးစနစ်အတွင်းသို့ပို့လွှတ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)