စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ရန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ရန်မှာကြား


MNP   -   ဇန်နဝါရီ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန် မြို့တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ ရောက်ရှိပြီး ရုံးလုပ်ငန်းများနှင့် စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်း စဉ်များဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ကြည့်ရှုစစ်ဆေးစဉ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် မှတ်တမ်းများ ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရာတွင် စာချုပ်စာတမ်းများ တရားဝင်ဖြစ်စေရေး၊ ပြည်သူလူထု၏ ပစ္စည်းလွှဲပြောင်းမှုများ တရားဝင်ဖြစ်စေရေးနှင့် ပြည်သူလူထုအား လိမ်လည်မှုမှ အကာအကွယ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် အခွင့်အရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်နေကြရသည်ကို သတိမူ၍ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းများကို တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများကို ကျေကျေညက်ညက်သိရှိနားလည်ရန်၊ လက်ဆင့်ကမ်း သင်ကြားသင်ယူကြရန်၊ ဆက်စပ်ဌာန များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ဌာန၏ဂုဏ် သတင်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။


ညပိုင်းတွင် ဒုတိယဝန်ကြီးသည် Inya Lake Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် မိတ်ဆုံညစာစားပွဲသို့ တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)