ပြည်သူ့ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး


MNP  -    ဇန်နဝါရီ ၂၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ ကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဓာတ်အားခွဲရုံမှူး ဦးသောင်းလွင်က ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုကိုတင်ပြပြီး ညွှန်ကြားရေးမှူး ဦးလှဖုန်းက ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားစနစ်အတွင်း အရေးပါသော ၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ခွဲရုံရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ လုံခြုံရေးအသိ၊ သတိရှိကြရန်နှင့် ခွဲရုံအတွင်း/အပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းပေးကာ လက်ဆောင်သစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ၎င်းပင်မ ဓာတ်အားခွဲရုံ၏ Switchyard အတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ကြည့်ရှုစစ်ဆေး


ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ ၆၆ ကေဗွီ အောင်သပြေ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးခွဲရုံကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အား ခွဲရုံမှူး ဦးသိန်းအောင်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှုကိုတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် အခရာကျသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ရှိ ၁၃၂ ကေဗွီ ကလော ပင်မဓာတ်အားခွဲရုံကို စစ်ဆေးပြီး ဓာတ်အားခွဲရုံမှူး ဒေါ်ရွှေစင်အောင်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ခွဲရုံရှိ Shunt Reactor၊ Transformer များ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများ စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ခွဲရုံဖြစ်ရေး အလေးပေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားပြီး အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)