၂၀၂၃ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဌာနဆိုင်ရာရပ်ကွက်၊ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘော လုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဌာနဆိုင်ရာရပ်ကွက်၊ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘော လုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ








MNP  -  ဇန်နဝါရီ ၃၀

၂၀၂၃ခုနှစ်၊ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ရပ်ကွက် ကျေးရွာပေါင်းစုံအမျိုး သား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကိုဇန်နဝါရီ၂၉ရက်နေ့ ညနေ၄နာရီခွဲ အချိန်က မြို့နယ်ဘောလုံးကွင်း၌ကျင်းပပြုလုပ်သည်။


 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကော်မတီဝင်များဖိတ်ကြားထားသောဧည့်သည်​တော်များနှင့်ဆုရအားကစားသမားများက ကွင်းအတွင်းနေရာယူပြီး၊ဘောလုံးအဖွဲချုပ်ဒိုင်လူကြီးများနှင့်မြို့နယ်ဒိုင်လူကြီးများအားမြို့မိ မြို့ဖ လူကြီးများက ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြသည်။


ဆက်လက်၍ နေရာအလိုက်အကောင်းဆုံးဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်များချီးမြှင့်ခြင်းကို မြို့နယ်လူဝင်မူကြီးကြပ်ရေးရုံး အမူဆောင်အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိတို့ကချီးမြှင့်ပေးအပ်ပြီး၊ ဒုတိယဆုရရှိသောဘောလုံးအသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးစိန်ကချီးမြှင့်ပေးအပ်ပြီး၊ ပထမဆုရရှိသော အသင်းအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမင်းထက်မှူးကချီးမြှင့်ပေးအပ်သည်။


ထို့နောက် ပထမဆု ရရှိသောအသင်းအားတံခွန်စိုက်ဆုဖလားပေးအပ်ခြင်းကိုဒုမြို့ နယ်မှူးဦးသက်နိုင်ထွေးက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမှတ်တရဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)