MNP - ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ် ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက သတင်းနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့သည်။
သတင်းနှင့် လုံခြုံရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ထူးခြားဖြစ်စဥ်များအား အချိန်မီသတင်းပေးပို့နိုင်ရေး၊ ရပ်ကွက်/ကျေးရွာများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြနိုင်ရေးတို့ကို ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း က လုံခြုံရေးနှင့် သက်ဆိုင်သည့် မိမိနိုင်ငံ၊ မိမိ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ လုံခြုံမှုရှိစေရေး၊ မီးဘေးအန္တရာယ်များ အထူးသတိပြုစေရေး၊ မြေပြင်လူဦးရေ စာရင်းများ ကောက်ယူရာတွင်လည်း လုံခြုံမှုရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည် များအား မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment