MNP - ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့နယ်အတွင်း ပင်လယ်ရေထွက် ရေခူဈေးကောင်း ရရှိနေသဖြင့် စီးပွားဖြစ် ရေခူသိုလှောင်လုပ်ကိုင်ကြသူများနှင့် ဖမ်းဆီးသူ များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီရာသီကတော့ ရေခူပေါ်တဲ့ရာသီဖြစ်လို့ ပင်လယ်ပြင်မှာ ခူဖမ်းဆီး (ခူကောက်) သူတွေ အများအပြား ဘဲဗျ။ လှေတစ်စီးနှင့် ခူဖမ်းတဲ့ ချိတ်တစ်ချောင်းသာလိုအပ်တယ်။ လက်ရှိ အဝယ်ဒိုင်များက ရေခူတစ်ကောင်လျှင်(၂၀၀)ကျပ်အထိပေးပြီး ဝယ်ယူနေသည့်အတွက် ဈေးကောင်းရလို့ ဖမ်းဆီးသူတွေ များပြားသလို စီးပွားဖြစ်ခူလုပ်နေသူတွေလည်းများကြီးဘဲ” ဟု ခူဖမ်းသူတစ်ဦးက ပြောသည်။
ရေခူးသည် ကျောရိုးမဲ့ ရေသတ္တဝါအုပ်စုများတွင်ပါဝင်ပြီး ရေစီးကြောင်းနှင့် အတူမျောပါ နေထိုင်လျက်ရှိကြရာ ခူဖမ်းဆီးသူများက လိုက်လံဖမ်းဆီး၍ အဝယ်ဒိုင်မှတစ်ဆင့် ခူကန်များတွင် ထည့်စိမ်၍ စားသုံနိုင်သည့်အထိ အဆင့်ဆင့်ပြုလုပ်ရကြောင်း အဆိုပါ ရေခူသည် လူကြိုက် များသည့် ပင်လယ်စာတစ်မျိုး ဖြစ်ပြီး ခူလုပ်ငန်းရှင်များမှ မြိတ်မြို့နှင့် ကော့သောင်းမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment