စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “ရာသီဥတုပြောင်းလဲမှု” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “ရာသီဥတုပြောင်းလဲမှု” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်


MNP -  ဇန်နဝါရီ ၁၀

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရာသီဥတုပြောင်းလဲမှု ဆိုသည့်အကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များ၊ ငလျှင်လှုပ်ခတ်ရသည့်အကြောင်းနှင့် အကျိုးဆက်များ၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။


စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် Talk Show များ ဆောင်ရွက်ခြင်း၊ စာအုပ်/ စာစောင်များငှားရမ်းခြင်း၊ အခါအားလျော်စွာ လူငယ်စကားဝိုင်းများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)