MNP - ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပသည်။
ရှေးဦးစွာ အထက (စဉ့်ကူး)မှ ကျောင်းသား၊ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်း က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အထက (စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်း က စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်သူများ၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာပေထူးချွန်ဆု၊ ကာယဆု၊ ဉာဏဆုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် အထက (စဉ့်ကူး)မှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကြွရောက်လာသော ဧည့်သည်တော်များကို ကပြ ဖျော်ဖြေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost





No comments:
Post a Comment