ရသေ့တောင်မြို့တွင်စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့်လူငယ်နှင့်အ ကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင်စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့်လူငယ်နှင့်အ ကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP  -    ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူကျောင်းသူများနှင့်ယနေ့ နေ့လည်ပိုင်းက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့်လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ် ဖြင့်စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကစာပေချစ်မြတ်နိုးသူညီမငယ်များအားအသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရေး၊အလိမ္မာစာမှာရှိဆိုသည့်ဆိုရိုးစကားအတိုင်းစာဖတ်ခြင်း၏အကျိုးတို့ကိုသိရှိနားလည်စေရန်ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ 


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့်မခင်မိုးနွယ်က"မှားမှာကိုမကြောက်ပါနဲ့" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသူဇာအေးမှ။" ရှက်စိတ်၊ကြောက်စိတ်နဲ့အောင်စိတ်"ခေါင်းစဉ်ဖြင့်လည်းကောင်းမသက်ထား‌မေက " အလှအပဖြင့်ဝင့်ကြွားခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစိတ်ဓာတ်ကောင်းများတည်ကြည်ခိုင်မာသူအားမည်သို့သောလောကဓံတရားမျှထိပါးနှိပ်စက်ခြင်းမရှိနိုင်ကြောင်းထပ်ဆင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)